တယောက်ထဲတော့ နေဖို့အစီစဉ်မရှိပါဘူး…အချစ်ကလူကိုလိမ်မာစေတယ်လေ။ကျွန်တော်ပြောသလိုပေါ့ ကျွန်တော်ကရည်းစားမရှိတဲ့အချိန်မှာသာဟိုလိုဖြစ်တာရည်းစားရှိတဲ့အချိန်ဆိုလိမ်မာပါတယ်။လိမ်မာရတာကြိုက်ပါတယ်။ ဟုတ်တယ် တကယ်ပြောတာ အချစ်ဆိုတာနူးညံတယ်။ တကယ်ပြောတာ ဒေါသထွက်လိုက် ဖုန်းတချက်ကောက်ဆက်လိုက် ‘ဟယ်လို’ ဆိုတဲ့အသံလေး ကြားလိုက်ရင် ပျော့ဆင်းသွားကော….. အချစ်က အရာရာကို အားလုံးပြောင်းလဲသွားစေနိုင်တယ်။သူကိုယ့်အပေါ်ကောင်းသရွေ့ကတော့ အချစ်ကိုအကောင်းလို့ ပဲမြင်မှာပေါ့။ သူကိုယ့်အပေါ်မကောင်းတော့ရင်ကိုယ်ဘယ်လောက်ကောင်းကောင်းရှေ့ဆက်လို့မရဘူးလေ။ အဲကျတော့ ကိုယ်ကလူကြမ်းကြီးပြန်ဖြစ်သွားမှာပေါ့ဆိုပြီသူအချစ်ရေးကိုပွင့်ပွင့်လင်းလင်းဖြေကြားခဲ့ပါတယ်။
