Featured

Welcome to 7 Perfect Creation

နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ အားကစား၊မှုခင်း၊ အနုပညာသတင်းအစုံအလင်ကို တင်ဆက်ပေးနေသလို၊ ဖျော်ဖြေရေးပွဲများ၊ ရုပ်သံအစီအစဉ်များ၊ ရုပ်သံဇာတ်လမ်းတွဲများ၊ ရုပ်ရှင်များကိုလည်း စီစဉ်ထုတ်လုပ်လျက်ရှိပါတယ်။

အောင်မြင်မှုတခုရဖို့ ဘယ်လိုလုပ်သင့်သလဲဆိုတဲ့ မကြီးစန်း

မကြီးတို့ဆိုရင် အများကြီး ကြုံတယ်။စီးပွားရေးမှာလည်း အတိုက်အခိုက်တွေရှိတယ်။လူမှုရေးအတိုက်အခိုက်တွေရှိတယ်။မကြီးဆိုရင် လူမှုရေးအတိုက်အခိုက်တွေအများကြီးခံရတယ်။မကြီးကတော့ ဒီအချိန်မှာကြုံလာရမယ့် အကြောင်းအရာဖြစ်တဲ့အတွက်ကြုံရ မှာပဲ ” ဟိုပေါ့ ”မနက်တိုင်းမိုးလင်းပြီး ညတိုင်းနေ၀င်သလိုပဲ နေ့သစ်ဆိုတာပေါ်လာမှာပဲ အဲသဘောမျိုးနဲ့ ပဲ မကြီးကိုယ့်ကို ကိုတွန်းအားပြန်ပေးပါတယ်။

ဝေဖန်တိုက်ခိုက်မှုဆိုတာက ကိုယ့်မှာတကယ်ပြည့်စုံနေပြီ။နှစ်ဦးမှာတဦးကကိုထက်သာလွန်နေရင် မသာလွန်တဲ့တယောက်က မနာလိုတိုက်ခိုက်တာမျိုးတွေရှိတယ်။ကိုထက်သာလွန်နေတဲ့သူကတော့ ဘေးက
လူတယောက်ကို မနာလိုစရာလည်းမရှိသလို တိုက်ခိုက်စရာလည်း မလိုဘူးပေါ့နော်။ ဒီသဘောတရားပါပဲ။

အဓိကကတော့ ဝေဖန်တိုက်ခိုက်တယ်ဆိုတာကတော့ မနာလိုချင်ကစတာပဲပေါ့နော်။ရဲဘော်ရဲဘက်စိတ်လိုမျိုးပေါ့နော် သူငယ်ချင်းအပေါင်းအသင်း မိတ်ဆွေထဲက ဘယ်သူပဲတိုးတက်တိုးတက် မိတ်ဆွေကောင်းတယောက်အနေနဲ့ ကိုအနေနဲ့ မုဒိတာပွားနိုင်တာမျိုးဖြစ်ရမယ်။အောင်မြင်
တဲ့ သူတယောက်မှာလည်း ဘာပဲဖြစ်ဖြစ်လိုအပ်ချက်ဆိုတာ ရှိနေမှာပဲ။ ကိုယ်တတ်နိုင်တဲ့ ဘက်ကနေကူညီတာမျိုးပံ့ပိုးတာမျိုးရှိရင်တော့ပိုကောင်းပါတယ်။

ဘာပဲဖြစ်ဖြစ် သူအောင်မြင်သလိုမျိုး၊တိုးတက်သလိုမျိုး ကိုယ်လည်းတနေ့ကြဖြစ်လာနိုင်တာပဲ။အဲလိုစိတ်ထားမျိုးကိုယ်ချင်းစာစိတ်လေးရှိစေချင်တယ်။

တကယ်တော့ ဒီလူတယောက် အောင်မြင်တယ်ဆိုတာ သူအောင်မြင်တာကိုယ်အောင်မြင်တာမဟုတ်ဘူး။ဒီလူတယောက်နဲ့သွားပေါင်းတိုင်းလည်းကိုယ်ရောပြီးအောင်မြင်တာမဟုတ်ဘူး။ဒီလူတယောက်ရဲ့အရောင်နဲ့တောက်ပြောင်တယ်ဆိုတာလည်းကိုယ်ကိုတိုင်ရဲ့အလင်းရောင်မဟုတ်ဘူး။

မကြီးတို့ငယ်ငယ်ကစာမှာသင်ခဲ့သလိုပေါ့ မီးတိုင်ငယ်လည်းသူ့အဆင်း သှူု့အလင်းနဲ့ပေါ့နော်။ဖယောင်းတိုင်လည်း သူ့အလင်းသူ့အဆင်းနဲ့ပေါ့ဟုတ်တယ်မလား လမင်းကြီးလည်းသူ့အလင်း သူ့အဆင်းနဲ့ပေါ့အဲလိုသဘောမျိုးပေါ့ ကိုယ်ပိုင်အလင်းကိုယ်ပိုင်အဆင်းနဲ့ဆိုပိုကောင်းတာပေါ့။

သင်ဇာဝင့်ကျော်ရဲ့ စူပါပါဝါ က ဘာလည်း……..?

“ဘယ်လောက်ပဲမူးမူး အိမ်ကိုတော့ကားမောင်းပြီးပြန်နိုင်တယ်။ကားတစ်ချက်မတိုက်ပဲ အိမ်ကိုရောက်အောင်ပြန်နိုင်တယ်။ အဲ့ဒါသင်ဇာ့ရဲ့ Super power ” ပဲ လို့ပြောလိုက်တဲ့ သင်ဇာဝင့်ကျော်။

အချစ်ကလူကိုလိမ်မာစေတယ်ဆိုတဲ့ တိုင်ရွန်

တယောက်ထဲတော့ နေဖို့အစီစဉ်မရှိပါဘူး…အချစ်ကလူကိုလိမ်မာစေတယ်လေ။ကျွန်တော်ပြောသလိုပေါ့ ကျွန်တော်ကရည်းစားမရှိတဲ့အချိန်မှာသာဟိုလိုဖြစ်တာရည်းစားရှိတဲ့အချိန်ဆိုလိမ်မာပါတယ်။လိမ်မာရတာကြိုက်ပါတယ်။

ဟုတ်တယ် တကယ်ပြောတာ အချစ်ဆိုတာနူးညံတယ်။ တကယ်ပြောတာ ဒေါသထွက်လိုက် ဖုန်းတချက်ကောက်ဆက်လိုက် ‘ဟယ်လို’ ဆိုတဲ့အသံလေး ကြားလိုက်ရင် ပျော့ဆင်းသွားကော…..

အချစ်က အရာရာကို အားလုံးပြောင်းလဲသွားစေနိုင်တယ်။သူကိုယ့်အပေါ်ကောင်းသရွေ့ကတော့ အချစ်ကိုအကောင်းလို့ ပဲမြင်မှာပေါ့။ သူကိုယ့်အပေါ်မကောင်းတော့ရင်ကိုယ်ဘယ်လောက်ကောင်းကောင်းရှေ့ဆက်လို့မရဘူးလေ။ အဲကျတော့ ကိုယ်ကလူကြမ်းကြီးပြန်ဖြစ်သွားမှာပေါ့ဆိုပြီ
သူအချစ်ရေးကိုပွင့်ပွင့်လင်းလင်းဖြေကြားခဲ့ပါတယ်။

အစားအသောက်တွေကြိုက်တဲ့အကြောင်း ပြောပြလာတဲ့ ဘီလီလမင်းအေး။

ဖူးကကျတော့ အစားမြင်ရင် အရမ်းပျော်တဲ့သူ ထဲမှာပါတယ်။
ဖူးရှေ့မှာဘာချထားချထားစားချင်တဲ့သူထဲမှာပါတယ်။အခုနောက်ပိုင်းမှာ
တော့ အနုပညာရှင်တယောက်ဖြစ်လာတဲ့အတွက်ကြောင့် Control လုပ်ရတာများလာတယ်။

အိမ်မှာအမေဘာပဲချက်ချက် ရှေ့မှာလာချပြီဆိုတာနဲ့ပါးစပ်ထဲထည့်ချင်တဲ့သူထဲမှာပါတယ်။အရင်တုန်းက အကုန်စားတယ်အကုန်ကြိုက်တယ်။ခုနောက်ပိုင်းတော့ အလက်ဂျီဖြစ်တယ်ဆိုတော့ ဖူး seafood တွေရှောင်ရတာပေါ့။ခုနောက်ပိုင်း ဖူး seafood တွေစားလို့မရတော့ဘူး။

ဒါပေမယ့် တခါတလေကျတော့လည်း ကိုယ်အရမ်းစားချင်လာရင်စားတယ်။ဖူးကနည်းနည်းလေးစားရင် အများကြီး ၀တဲ့သူထဲမှာပါတယ်။တခါကိုယ်ထိုင်ပြီးစားလိုက်တာ ငါးမိနစ်မကြာဘူး။လေ့ကျင့်ခန်းလုပ်ရတာ၂ နာရီ ၃နာရီ ပြန်ပြေးရတာလေ။တခါတလေ စဉ်းစားတယ်။ငါဒီအစားစာတွေသာဖြတ်ချလိုက်ရင် ပိန်သွားမှာပဲပေါ့နော်။

ခုနောက်ပိုင်းတော့ အစားလည်းရှောင်လာရပြီ။တွေ့ကရာလည်းပါးစပ်ထဲကောက်ထည့်လို့မရတော့ဘူး။အဓိကကတော့ ဒီပါးစပ်ကို စူပါကလူးနဲ့ပိတ်ထားသလိုပိတ်ထားလိုက်ရင် ပိန်သွားမှာပဲလေ။ဖူးအခုနောက်ပိုင်း
တော့အစားတွေရှောင်လာရပြီ။အစားအရမ်းကြိုက်တယ်။တွေ့ကရာအကုန်စားရင် ဖူးအနေနဲ့ကျတော့ဝိတ်ပြန်ချရခက်တယ့်ထဲမှာပါတယ်တဲ့အခါကျတော့ခုနောက်ပိုင်း ကိုယ့်ကိုကို Control လုပ်ရတယ်။

အရင်တုန်းကဆိုရင် ဖူး Teaching Life မှာတုန်းကဆိုရင် ဖူးစားလိုက်တယ်။လစာလေးထုတ်လာပြီအဲလိုရက်မျိုးဆို ဖူး စားရမှ အဲလိုမျိုးပေါ့ အပြည့်အ၀စားရမှ တလလုံးမှာဒီရက်ကတော့ ငါကောင်းကောင်းစားမယ်ဆိုပြီးဈေးတွေသွားလာပြီးအိမ်မှာအမေ့ကို ဒါချက်ပေးပါဒါချက်ပေးပါဆိုပြီးအကုန်ချက်ခိုင်းတယ်။ချက်ခိုင်းပြီးရင် ချက်ထားတဲ့ဟာတွေခုံပေါ်ကဟာတွေအကုန်လုံးစားပြီး ပျော်ရွှင်ပြီးကျေနပ်သွားတာပေါ့နော်။စားပြီးပျော်သွားတဲ့အရာကို ကိုယ်ကကြိုက်တာလေ။

အခုနောက်ပိုင်းတော့ အဲလိုမလုပ်နိုင်တော့ပါဘူး။အခုနောက်ပိုင်းတော့ အစားကိုအဲလောက်သရန်းတဲ့အထဲမှာမပါတော့ဘူး။အခုကတော့စကားပုံရှိတယ်လေနော် မနက်ဆိုသူဌေးလိုစားညနေဆိုဆင်းရဲသားလိုစားအဲလိုတွေရှိတယ်လေ။ညနေစာတော့ရှောင်လိုက်တာပေါ့။ဖူးထမင်းတွေ
အရမ်းမစားတော့ဘူး။ထမင်းက အရမ်းအဆီတက်တယ်။မြန်မာလူမျိုးကလည်းထမင်းစားရမှအားရှိတယ် အာဟာရဖြစ်တယ်အစာတနပ်ပြီးတယ်ဆိုပြီးသတ်မှတ်ထားတဲ့လူတွေဆိုတော့ ဖူး ထမင်းကိုတော့ နည်းနည်းလျော့ပြီးစားလိုက်တယ်။ပြီးတော့ အသီးအရွက်တွေ ဘာတွေကို မာမီကအိမ်မှာပြုတ်ပေးတယ်ဆိုတော့ အဲဒါလေးစားဖြစ်တယ်။

ကျန်းမာရေးလုပ်တာကောင်းပါတယ်။လူကြီးလူငယ်မရွေးပေါ့နော်လူကြီးတွေဆိုရင်လည်း မနက်ခင်းမှာလမ်းထလျောက်တာတွေဘာတွေရှိတယ်။လူငယ်ဆိုရင်လည်း အမြဲအဲလိုထိုင်နေမယ့်အစား တရက်မှာတနာရီ နာရီဝက်လောက် လမ်းလျောက်သင့်တယ်လို့ ဖူးထင်တယ်။ဘာဖြစ်လို့လည်းဆိုတော့ ကျန်းမာရေးကောင်းမှ ကိုယ်လုပ်နေတယ့်အလုပ်တွေကိုဆက်ပြီးလုပ်လို့ရမယ်။ကျန်းမာရေးမကောင်းတဲ့သူက နေ့စဉ် လုပ်နေတဲ့အလုပ်တွေမှာလည်းထိခိုက်လာနိုင်တယ်။

ကျန်းမာရေးကောင်းနေရင် ကိုယ်လုပ်ချင်တာလုပ်လို့ရမယ် ကိုစားချင်တာစားလို့ရတယ်။အဲတော့ အားလုံးကျန်းမာရေးကောင်းအောင်နေကြပါ။လေ့ကျင့်ခန်းမလုပ်နိုင်ရင်တောင် ဘာပဲပြောပြော အစားအသောက်ကလည်း ဆီကြော်စာတို့ အဆီရှောင်လိုက်ခြင်းအားဖြင့်ကျန်းမာရေးကိုအများကြီးအထောက်အကူဖြစ်သွားတာတွေလည်းရှိတယ်လေ။အဲတော့ကျန်းမာရေးလိုက်စားကြပါလို့ပြောချင်ပါတယ်။

ပျင်းလို့သောက်ရင်းကနေဆေးလိပ်စွဲသွားတယ်။ခုတော့ဖြတ်လိုက်ပြီ ဆေးလိပ်ဖြတ်ရတဲ့အကြောင်းကိုပြောပြလာတဲ့ အလင်းရောင်

ဆေးလိပ်က ကျွန်တော်တနေ့ကို တဗူးကျော်ကျော်လောက် ကုန်တယ်။ကုန်တော့ တဖြေးဖြေးနဲ့မောလည်းမောလာတယ်။အသားအရည်ကလည်းအရမ်းခြောက်လာတယ်။

ငါဆေးလိပ်ရအောင်ဖြတ်မယ်။ဆေးလိပ်ဖြတ်မယ်ဆိုတဲ့စိတ်နဲ့ စဖြတ်တာ ပထမကတော့Vape နဲ့ဖြတ်တာ။ ၂ရက် ၃ရက်လောက်နေတော့မရတော့ဘူး။Vape မသောက်ချင်တော့ဘူး ဆေးလိပ်ပြန်သောက်ချင်လာရော။ဒါပေမယ့် ငါဖြတ်ထားတာ ၃ရက်ရှိပြီ ၄ရက်ရှိပြီဆိုတဲ့စိတ်နဲ့ ၅ရက်တတ်…ငါဖြတ်ထားတာ တပတ်တောင်ရှိပြီ ငါဖြတ်ထားတာတလတောင်ရှိသွားပြီမသောက်ဘူး။ခု ဆေးလိပ်မသောက်တာ ၂လရှိပြီ။ဆေးလိပ်လုံးဝမသောက်ဘူး။

အရင်က သောက်တယ်ဆိုတာက အဓိကပျင်းတာပေါ့နော်ပျင်းတော့သောက်ရင်းသောက်ရင်းနဲ့တကယ်တမ်းကြတော့စွဲတာ။ကျွန်တော်အတွက်ကောင်းတာတခုက ကျွန်တော်အိပ်နေတဲ့အချိန်မှာဆေးလိပ်နံရရင်မရဘူး။အိပ်နေတဲ့အချိန်တော့လေကောင်းလေသန့်ရတာလိုချင်တော့ကျွန်တော်အိမ်မှာလုံးဝမသောက်ဖြစ်ဘူး။

အဲတော့ ရှုတင်မှာစွဲတယ်။စွဲတော့ ရှုတင်မှာဆေးလိပ်မသောက်ဖြစ်အောင် ပျင်းတဲ့အချိန်မှာငါဘာလုပ်မလည်းဆိုတော့တခြားဟာတွေပြန်ဖန်တီးရတာပေါ့နော်ဂိမ်းဆော့တာတို့ဘာတို့ပေါ့။ဖြတ်ထားတာ ၂လပဲရှိသေးတာဆိုတော့အရင်တုန်းကသောက်ထားတယ့် ဒဏ်တွေကအထဲထဲမှာရှိအုန်းမှာပဲ။ရှိအုန်းမှာဆိုတော့။ကျွန်တော်ထင်တယ် Facebook မှာလည်းကြည့်
ဖူးတာ ၆လလောက်နေရင်နည်းနည်းဘာစကောင်းလာတာတို့အဲလိုမျိုးခံတွင်းအနံ့အသက်ပြောင်းလာတာတို့ပြန်ကောင်းလာတာတို့ရှိတယ်ဆိုတော့ခုက ဖြတ်ထားတာ ၂လပဲရှိသေးတယ်ဆိုတော့ နောက်မှ Recover ပြန်ဖြစ်မယ်ထင်တယ်။

အကောင့်အတုပေါင်းများစွာရဲ့ဂယက်ကိုဖြေရှင်းနေရတဲ့ နိုင်လူ

နိုင်လူက “အစ်ကို့မှာ Group တွေဘာတွေ မရှိဘူး။ အခုလောလောဆယ်ပြဿနာက ဘာဖြစ်လဲဆိုတော့ အစ်ကို့အကောင့် အတုပေါင်း၈၀၀ကျော်လောက်ရှိတယ်။ နိုင်လူဆိုတဲ့အကောင့်တွေ အတုတွေ အစ်ကိုလည်းမဟုတ်ဘူး။ နိုင်လူဟာ ဆက်ဆီ အကောင့်ရှိတယ်။

2D 3D အကောင့်ရှိတယ်။ ပရဟိတအဖွဲ့ဆိုပြီး အဲ့လိုတွေလည်းရှိတယ်။ တကယ်က ကိုယ့်မှာ အဲ့တာမျိုးမရှိဘူး သူတို့က အစ်ကို့ဓာတ်ပုံတွေလည်းသုံးတယ်။

နာမည်ကလည်း နိုင်လူပဲ ဓာတ်ပုံကလည်း နိုင်လူပဲ အဲ့လိုဆိုတော့ တော်တော်များများက အစ်ကိုထင်ပြီး သွာ့းပီး အပ်ကြတယ်။ စကားတွေပြောတယ် ပြီးတော့ စပွန်ဆာပေးမယ်ပေါ့နော်။ ချိတ်ပေးမယ်တို့ အဲ့ပြဿနာတွေ ပိုက်ဆံသွားချေးတယ် ကိုယ်ဆိုတဲ့ ပုံစံမျိုးနဲ့ပေါ့နော်။

တကယ်တော့အစ်ကိုက ဘာမှမသိရဘူး ပြီးခဲ့တဲ့ အရက်၂၀လောက်ကမှ အဲ့တာတွေကိုသိရတာ သိတယ်အခါမှာ အသိတစ်ယောက်က ကိုနိုင်လူအကောင့်ထင်ပြီး ကျွန်မက လိုက်ခံလိုက်တယ်တဲ့။

ပြီးတော့ ညစ်တီးညစ်ပတ်စကားတွေပြောတယ်ပေါ့နော်။ ဘယ်ကိုလာတွေ့ရမလဲ လာအိပ်ရင် အဆင်ပြေမလားဆိုတဲ့ဟာမျိုးတွေပေါ့နော်။ အဲ့တာနဲ့ ကျွန်မက Video call ခေါ်တော့ ဖုန်းမကိုင်တော့ပြန်ဘူး။ နိုင်ငံရေးအကောင့်တွေလည်းရှိတယ်။

နိုင်လူ Official အကောင့်လေးက ဖုန်းပျောက်တော့ပါသွားရော အခုအဲ့အကောင့်ကို ဖွင့်လို့မရတော့ဘူး Password မမှတ်မိလို့။

အကောင့်အသစ်လေးတစ်ခု လုပ်ထားတယ်။ ဘာပဲပြောပြော နိုင်လူအစစ်ကို မှန်လားမမှန်လား သိချင်ရင် 09250492935 အစ်ကိုကိုင်တဲ့ဖုန်းပါ။ နိုင်လူအစစ်ဟုတ်မဟုတ်သိချင်ရင် အဲ့ဖုန်းကို ဆက်လိုက်ပါလို့ပဲ အစ်ကိုပြောချင်တယ်။နိုင်လူဟုတ်မဟုတ်သိချငိရငိ Video call ကြည့်လိုက် ကိုင်ရင်နိုင်လူအစစ်ပဲအတုကတော့ကိုင်မှာမဟုတ်ဘူးလေဆိုပြီး လကိရှိသူဖြစ်နေ social networkပြသနာကိုပြောပြခဲ့တာပဲဖြစ်ပါတယ်။

Tom boy ဆိုပြီး ပြောကြတဲ့ အပေါ်ပြောပြလာတဲ့ ယဉ်လက်

အဲလိုကြီးတော့ ကိုယ်ကိုကို မထင်ပါဘူး။ချစ်တဲ့မျက်လုံးနဲ့ကြည့်တော့ မျက်လုံးထဲမှာပိုပိုပြီးချစ်စရာကောင်းလာတာပေါ့။အဲလောက်ပါပဲ။အရင်တုန်းကတော့ ကိုယ်ဘာသာပြင်ရကောင်းမှန်းလည်းမသိဘူး။ဆယ်တန်းထိမျက်နှာပြောင်နဲ့ပဲကျောင်းတက်လာတာမိတ်ကပ်ဆိုတာလည်းဘယ်လိုလိမ်းလို့လိမ်းရမှန်းလည်းမသိတဲ့သူမျိုးဆိုတော့အရင်တုန်းကထက်စာရင် ဒီအလုပ်လုပ်တော့ မိတ်ကပ်တွေဘာတွေထိတွေ့ရတာပေါ့။

ဒါကလေ မိန်းကလေးတိုင်းမှာအဲလိုဖြစ်တတ်တယ်။တခါတလေ ယောကျာ်းလေးစိတ်လိုမျိုးပေါက်တယ်လို့ထင်ရတဲ့အခိုက်အတန့်မျိုးမိန်းကလေးတိုင်းမှာရှိတတ်တယ်။တကယ်တော့ လုံးဝယောကျာ်းစိတ်ပေါက်တာမျိုးမဟုတ်ဘူး။မိန်းကလေးအချင်းချင်းချစ်ကြတယ်ဘာဆိုတာကဖြူစင်တဲ့အချစ်မျိုးဆိုတဲ့အခါကျတော့ အကိုအမလိုချစ်တာမျိုးလည်းဖြစ်နိုင်တယ်။ယောကျာ်းစိတ်ပေါက်လို့ အဲလိုမျိုးဖြစ်တာမဟုတ်ပါဘူး။

နေပုံထိုင်ပုံရယ် အားကစားတွေလုပ်ရတယ် ယောကျာ်းတွေနဲ့တန်းတူလေ့ကျင့်ရတယ်ဆိုတော့ယောကျာ်းလေးပုံစံမျိုးပေါက်နေတာပေါ့။လမ်းလျောက်တာကအစကားတားကားတားနဲ့တကယ်တော့အဲလိုစိတ်ပေါက်နေတာမဟုတ်ပါဘူး။

ယောကျာ်းဆန်တာ။ခုမှသာစကားပြောတာလမ်းလျောက်တာမိန်းကလေးဘက်နဲနဲပြောင်းလာတာအရင်တုန်းကဆိုရင်နောက်ကကြည့်လိုက်ရင် ယောကျာ်းလေးပဲဆိုတော့ ယောကျာ်းဆန်တဲ့မိန်းကလေးပဲကိုကြီးပြင်းတဲ့ပတ်ဝန်းကျင်ဆိုတော့လေ။

ဖေဖေတို့ကလည်းငယ်ငယ်က ဆံပင်တိုနဲ့ပဲအဲလိုထားတာ။ညီမလေးကိုဆိုလည်းအဲလိုပဲ ဆံပင်ကို ကတုံးကေလေးညှပ်ပေးထားတယ်။ဘောလုံးကန်ခိုင်းတယ်။ကရာတေးတွေကစားခိုင်းတယ်။သမီးတုန်းကလည်းတိုက်ကွန်ဒိုတွေကစားခိုင်းတယ်။အဲလိုမျိုးကြီးပြင်းလာခဲ့တာကြောင့်လည်းပါမယ်။အရမ်းကြီးမနုတတ်မချွဲတတ်တာလေ။

တော်သေးတယ်ယောကျာ်းမဖြစ်သွားတာ။ဖြစ်ခါနီးလေးပဲ။အဲလိုထင်တာဘယ်လိုမှမခံစားရဘူး။ပျော်တောင်ပျော်သေးတယ်။ငယ်ငယ်လေးထဲက ယောကျာ်းလေးတယောက်လိုဝတ်ရတာပိုတောင်ကြိုက်သေးတယ်။ကြိုက်တယ်ဆိုတာ စိတ်ထဲမှာလေ ပုဆိုးလေးနဲ့စတစ်ကော်လံအဖြူလေးနဲ့အရမ်းဝတ်ချင်တာ။အဲလိုစိတ်မျိုးတော့ရှိတယ်။

မိန်းကလေးတွေကိုကိုယ့်အမလိုချစ်တယ်။ကိုယ့်အမတွေရှိတာကိုအမလိုချစ်တယ်။အဲလိုမျိုးလေးတွေတော့ရှိတယ်။ဟိုလိုစိတ်တွေတော့မရှိပါဘူး။ချစ်ပေးကြတဲ့ပရိသတ်ကြီးကိုလည်းချစ်ပါတယ်ဆိုပြီးယဉ်လက်က သူဘ၀အကြောင်းတစေ့တစောင်းပြောကြားခဲ့ပါတယ်

Design a site like this with WordPress.com
Get started